Wednesday, April 9, 2008

လူထုဒေါ်အမာ ကွယ်လွန်

လူထုဒေါ်အမာ ကွယ်လွန်
ချင်းမိုင်။ ။ ဝါရင့်သတင်းစာ ဆရာမကြီး လူထုဒေါ်အမာ (၉၂) နှစ်သည် ယနေ့နံနက် (၈) နာရီ (၃၇) မိနစ်တွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားသည်။

စာနယ်ဇင်းလောကတွင် အမေမာအဖြစ် လေးစား ချစ်ခင်ခြင်းခံရသော သတင်းစာဆရာမကြီးသည် ပြီးခဲ့သော တနင်္ဂနွေတကည်းက ဆေးရုံတင်ထားရခြင်း ဖြစ်သည်။

"ပြီးခဲ့တဲ့ တနင်္ဂနွေက တင်ရပါတယ်။ ကနေ့မနက် (၈) နာရီ (၃၇) မှာ အနိစ္စ ရောက်ပါတယ်" ဟု လူထုဒေါ်အမာ၏ သားဖြစ်သူ စာရေးဆရာ ညီပုလေးက တယ်လီဖုန်းမှ တဆင့် မဇ္ဈိမသို့ ပြောသည်။

သတင်းစာဆရာမကြီး လူထုဒေါ်အမာ
သတင်းစာဆရာမကြီး လူထုဒေါ်အမာ
ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပန အခမ်းအနားကို ဗုဒ္ဓဟူးနေ့ နံနက် (၁ဝ) နာရီတွင် ကြာနီကန် သုဿာန်တွင် ပြုလုပ်မည် ဖြစ်သည်။

လူထုဒေါ်အမာ ကွယ်လွန်သည့်သတင်းကြောင့် အံသြစိတ်မကောင်း ဖြစ်နေသော စာရေးဆရာကြီး ဒဂုန်ုတာရာက "ဒေါ်အမာက နှစ်ပေါင်းများစွာ ကြာပြီပဲ။ တိုင်းပြည်အတွက် ဆောင်ရွက်နေတာ။ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နေတာ။ အထူးသဖြင့် အမျိုးသမီးရေးရာတွေ မဟုတ်တော့ဘူး ပေါ့ဗျာ။ တိုင်းပြည်တပြည်လုံးနဲ့ ပတ်သက်တဲ့ကိစ္စတွေမှာလည်း အတူတူ ဆောင်ရွက်ခဲ့တာ။ ကျနော် သိပ်ပြီးတော့ စိတ်မကောင်း ဖြစ်သွားပါတယ်" ဟု မဇ္ဈိမသို့ပြောသည်။

လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီး ဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။

၁၉၁၅ နိုဝင်ဘာ (၂၉) တွင် မန္တလေးမြို့တွင် အဖ ဦးထင်၊ အမိ ဒေါ်စုတို့မှ မွေးဖွားပြီး ၁၉၃ဝ တဝိုက်တွင် တက္ကသိုလ်ကျောင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတွင် သပိတ်မှောက် ကျောင်းသူအမာ ဖြစ်လာသည်။

၁၉၃၉ တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ်ပြီး ၁၉၄၅ တွင် လူထုဂျာနယ် ထုတ်ဝေသောအခါ လက်ထောက်အယ်ဒီတာ၊ ၁၉၄၆ လူထုသတင်းစာကို ထုတ်ဝေသောအခါ အယ်ဒီတာအဖွဲ့ဝင် ဖြစ်လာသည်။

၁၉၄၉ တွင် လူထုသတင်းစာနှင့် ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုက်နှင့် ဖောက်ခွဲခံရသည်။

၁၉၅ဝ အလွန်ကာလများတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော မြန်မာပြည် ငြိမ်းချမ်းရေး၊ ကမ္ဘာ့ငြိမ်းချမ်းရေး လှုပ်ရှားမှုများတွင် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်တွင် ခင်ပွန်းဖြစ်သူ လူထုဦးလှ ဖမ်းဆီးခံရသည့် နောက်ပိုင်းတွင် လူထုသတင်းစာ ခေါင်းကြီးများကို တာဝန်ခံ ရေးသားခဲ့သည်။

၁၉၅၉ မှ ၁၉၆ဝ အတွင်းလူထု သတင်းစာတိုက် အပိတ်ခံခဲ့ရသလို ၁၉၇၈ တွင် လူထုဦးလှ၊ သား ကိုငြိမ်းချမ်း (ညီပုလေး) တို့နှင့်အတူ တနှစ်ကျော်ကြာ ဖမ်းဆီးခံခဲ့ရသည်။

ဒေါ်အမာသည် ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်၊ ဒေါက်တာသန်းထွန်း၊လူထုစိန်ဝင်း အင်းစိန်ထောင်တွင် အကျဉ်းကျခံနေရဆဲ ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်တို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသည်။

ပြီးခဲ့သည် မတ်လတွင် ကျရောက်သော ဦးဝင်းတင်၏မွေးနေ့တွင် ဒေါ်အမာက သားသဖွယ် ချစ်ခင်သော ဦးဝင်းတင်ကို သူမသေခင် မြင်သွားရမည်ဟု မျှော်လင့်သည်ဟု မဇ္ဈိမသို့ ပြောကြားခဲ့သေးသည်။

နှစ်စဉ် နိုဝင်ဘာလ (၂၉) ရက်နေ့တွင် ကျရောက်သော ဒေါ်အမာ၏ မွေးနေ့ပွဲကို မန္တလေးမြို့ တောင်လေးလုံး ကျောင်းတိုက်တွင် နှစ်စဉ် ကျင်းပလေ့ရှိပြီး တနိုင်ငံလုံးမှ ဝါရင့်စာနယ်ဇင်းသမားများ တက်ရောက်လေ့ ရှိသည်။

အဆိုပါ မွေးနေ့အခမ်းအနားသည် ဝါရင့်သတင်းစာဆရာများအပြင် ဒီမိုကရေစီ ဘက်တော်သားများ အစုံအညီ တက်ရောက်လေ့ ရှိသဖြင့် အာဏာပိုင်များက တားမြစ်ခဲ့သည့် အကြိမ်များလည်း ရှိခဲ့သည်။

အပြည့်အစုံသို့ ..

လူထုဒေါ်အမာ

လူထုဒေါ်အမာ

၁၉၁၅ - မန္တလေးမြို့၊ ဂုန္တန်ရပ်၊ အဖ ဦးထင်- အမိ ဒေါ်စု တို့မှ နိုဝင်ဘာ ၂၉၊ တနလာင်္နေ့မှာ မွေးဖွားခဲ့၊ မွေးချင်း ၁၂ယောက်၊ စတုတ္ထသမီး၊ အမည်ရင်းအမာ။

၁၉၂ဝ -၂၃ - တရုတ်တန်း အမျိုးသမီး နေရှင်နယ်ကျောင်းမှာ ဒုတိယတန်းအထိ ပညာသင်ခဲ့။

၁၉၂၃ - ၃၁ - အမျိုးသမီး နေရှင်နယ်ကျောင်းပျက်လို့ တတိယတန်းမှ နဝမတန်းအထိ ABM ကျောင်းမှာ ဆက်လက် ပညာသင်။

၁၉၃၁ - ၃၃ - မန္တလေး ဗဟိုအမျိုးသားကျောင်းက ဆယ်တန်းအောင်။

၁၉၃၃ - ၃၅ - မန္တလေး ဥပစာကောလိပ်၊ ဓာတု၊ ရူပ၊ သင်္ချာ ဘာသာတွဲယူ။

၁၉၃၆ - ရန်ကုန်တက္ကသိုလ် ဘီအေ အောက်တန်း။ အင်းလျားဆောင် သဟာယနဲ့ စာဖတ်အသင်း အတွင်းရေးမှူး၊ ဒုတိယ ကျောင်းသားသပိတ်ကြီးတွင် ပါဝင်။ အိုးဝေမဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊၊ ဘားမားဂျာနယ်တို့မှာ ဝတ္ထု၊ ဆောင်းပါးများရေး။ ကြီးပွားရေး ဦးလှနဲ့ စတင်သိကျွမ်း။ ကြီးပွားရေး မဂ္ဂဇင်းမှာ ကလောင်အမည် ခင်လဝင်း၊ မြမဉ္ဇူတွေနဲ့ ရေးခဲ့။

၁၉၃၇ - ဘီအေ နောက်ဆုံးနှစ် စားမေးပွဲ ကျရှုံးပြီး ကျောင်းထွက်။ မန္တလေးမှာ မြန်မာစက္ကူဆိုင် ဖွင့်။

၁၉၃၈ - Maurice Collis ရေး Trials In Burma ကို မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ အမည်နဲ့ မြန်မာပြန် ထုတ်ဝေ။

၁၉၃၉ - ကြီးပွားရေး ဦးလှနဲ့( ၁၃နိုဝင်ဘာ)လက်ထပ်။

၁၉၄ဝ - Maurice Collis ၏ Sandamala ကို စန္ဒမာလာ အမည်နဲ့ နှစ်တွဲခွဲ မြန်မာပြန် ထုတ်ဝေ။

၁၉၄၂ - ၄၄ - ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့နေထိုင်ပြီး စာအုပ်ထုတ်ဝေရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်။

၁၉၄၅ - လူထုဂျာနယ် (ဇူလိုင်) ထုတ်ဝေတဲ့အခါ လက်ထောက် ဘယ်ဒီတာ။

Ashihei Hino ရဲ့ Jh War and Soldier အပိုင်း ၄ က Wheat and Soldier ကို ဂျုံနှင့် စစ်သားအမည်။Wanda Wasilewska ရဲ့The Rainbow ကို နှစ်ပိုင်းခွဲကာ သက်တန့်ရောင်အမည် တို့နဲ့ မြန်မာပြန် ထုတ်ဝေ။

၁၉၄၆ - လူထုသတင်းစာ (၁၉၊ ဧပြီ) စတင်ထုတ်ဝေတဲ့အခါ အယ်ဒီတာ အဖွဲ့ဝင်။ ဖခင် အောင်နိုင် ကလောင်ခွဲနဲ့ နိုင်ငံရေးဆွေးနွေးခန်း ပင်တိုင် ဆောင်ပါးရှင်။

၁၉၄၇ - လူထုဦးလှနဲ့အတူ လွတ်လပ်ရေးအတွက် ဦးဆောင်နေတဲ့ ဖဆပလအဖွဲ့ရဲ့ အာဘော်နဲ့ထပ်တူ ရေးသား တိုက်ပွဲဝင်ခဲ့။

၁၉၄၉ - လူထုသတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အအုံကို ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲခံရ။ Gunther Stein ရဲ့ The Challenge of Red China ကို ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ အမည်ပေးပြီး နှစ်ပိုင်းခွဲ ဘာသာပြန်ထုတ်ဝေ။

၁၉၅ဝ - (ဧပြီ ၂၄၊ ၁၉၄၉)က ပိတ်ထားခဲ့ရတဲ့ လူထုသတင်းစာကို (၁၊ နိုဝင်ဘာ)မှာ ပြန်လည်ထုတ်ဝေ။ (မေ၊ ၁၉၄၉) က ရပ်နားခဲ့တဲ့ လူထုဂျာနယ်ကို (သြဂုတ် ၁) မှာ ပြန်လည် ထုတ်ဝေ။

၁၉၅၃ - ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ ( ကိုပင်ဟေဂင် ၇-၆-၅၃) ဒုတိယအကြိမ် ကမ္ဘာ့လူငယ်နဲ့ ကျောင်းသားပွဲတော် (ရူပေရီးယား၊ ဘူခါရက်စ် ၂၅-၇-၅၃) ကို တက်ရောက်။

Archie John Stone ရဲ့ In The Name of Peace ကို ငြိမ်းချမ်းရေးသို့ အမည်ပေးကာ ဘာသာပြန် ထုတ်ဝေ။ လူထုဦးလှ ပုဒ်မ ၅ နဲ့ အဖမ်းခံရလို့ လူထု သတင်းစာခေါင်းကြီးတွေကို တာဝန်ခံ ရေးသား။

၁၉၅၉ - (မေ၊ ၁၂) လူထုသတင်းစာ ချိန်ပိတ်ခံရ။

၁၉၆ဝ - (မေ၊ ၁ဝ) လူထုသတင်း ပြန်ထွက်။

၁၉၆၂ - (ဖေဖော်ဝါရီ၊ ၃) အေရိုဖလုတ်လေကြောင်း ဖွင့်ပွဲမှာ သတင်းစာဆရာ ကိုယ်စားလှယ်အဖြစ် ဖတ်ကြားခြင်းခံရလို့ မော်စကိုသို့ သွားရောက်ခဲ့။

အပြန် မှာ အရှေ့ဂျာမနီ၊ ချက်ကို စလိုဗက်ကီးယားနဲ့ တရုတ်ပြည်သူ့ သမ္မတနိုင်များကို လှည့်လည်။

၁၉၆၃ - ဥရောပခရီး စဉ်များကို ဆိုရှယ်လစ် တိုင်းပြည်များသို့ အမည်နဲ့စာအုပ် ပြုစုထုတ်ဝေ။

C.Wright Mills ရဲ့ Listen ankees ကို အိုယန်ကီးတို့၊ Anna Lewis Strong ရဲ့ Cash and Violance in Losa ကို ငွေနှင့်လက်နက် အမည်ပေးရေးသား ထုတ်ဝေ။

၁၉၆၄ - ပြည်သူချစ်သော အနုပညာသည်များ ပြုစုထုတ်ဝေ။

ဒီစာအုပ်နဲ့ ၁၉၆၄ခုနှစ်၊ စာပေဗိမာန် အနုပညာဆိုင်ရာ စာပေ ပထမဆု ရ။

၁၉၆၆ - Edgar Snow ရေး The Other Side of the Riber ကို ဘဝချင်း မတူသည့် တရုတ်ပြည် အမည်နဲ့ဘာသာ ပြန်ပြီး နှစ်တွဲခွဲ ထုတ်ဝေ။

၁၉၆၇ - (ဇူလိုင်၊ ၇ ) လူထုသတင်းစာ ရပ်ဆဲခံရ။ အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံးများ ကို ဖြည့်စွက် အမှာရေး ထုတ်ဝေ။

၁၉၆၉ - ရွှေရိုး ဘကလေး နှစ်တွဲခွဲ ထုတ်ဝေ။ (မတ်လ၊၃) မန္တလေး ကွန်သာယာ ဗမာ့သဘင် စာတမ်းဖတ်။

၁၉၇ဝ - ရွှေမန်းတင်စာအုပ် ပြုစုထုတ်ဝေ။ မတ် (၃) မန္တလေး ကွန်သာယာ စာတမ်းဖတ်ပွဲမှာ ဗမာ့ဖတ်ကျီလုပ်ငန်း စာတမ်းဖတ်။

၁၉၇၂ - မန္တလေး နိုင်ငံတကာ စာအုပ်နှစ် စာတမ်းဖတ်ပွဲမှာ ကမ္ဘာ့အကြီးဆုံး စာအုပ် စာတမ်းဖတ်။

၁၉၇၃ - အငြိမ့်စာအုပ် နှစ်တွဲခွဲ ထုတ်ဝေ။

၁၉၇၄ - ကမ္ဘာ့ အကြီးဆုံးစာအုပ် ကို ဒေါက်တာသန်းထွန်းက The Worlds Biggest Book အမည်နဲ့ အင်္ဂလိပ်ဘာသာ ပြန်ဆို ထုတ်ဝေ။

၁၉၇၅ - ရွှေဒေါင်းတောင် ဆောင်းပါးများ စာအုပ်ထုတ်ဝေ။

၁၉၇၆ - ဆရာကြီး သခင်ကိုယ်တော်မှိုင်း စာအုပ် ထုတ်ဝေ။ (သြဂုတ်၊ ၁၉) ဟံသာဝတီသတင်းစာ စနေစာပေဝိုင်း စာတမ်း ဖတ်ပွဲမှာ အတ္ထုပတ္တိစာပေ စာတမ်းဖတ်။

၁၉၇၈ - (သြဂုတ်၊ ၂၁) လူထုဦးလှ၊ သား ကိုငြိမ်းချမ်း( ညီပုလေး) တို့နဲ့အတူ အထိန်းအသိမ်းခံရ။ ၁နှစ် ၁လ ၁ရက်ကြာ။

၁၉၇၉ - (သြဂုတ်၊ ၂၂) အထိန်းအသိမ်းခံ ဘဝက ပြန်လွတ် Chester Ronning ရဲ့ A Memoir of Chin in Revolution ကို တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော်မှတ်မိသမျှ အမည်နဲ့ ဘာသာပြန် ထုတ်ဝေ။

၁၉၈၂ - နှစ်ပေါင်း ၄၃နှစ် ပေါင်းသင်းလာခဲ့တဲ့ ခင်ပွန်းသည် လူထု ဦးလှ (သြဂုတ် ၇) ကွယ်လွန်။

၁၉၈၄ - (မတ်၊ ၄) မန္တလေး မီးကြီးအတွင်း ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံ၊ စာအုပ် သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး။

၁၉၈၅ - (နိုင်ဝင်ဘာ၊ ၂၉) အသက် ၇ဝပြည့်က စပြီး အမရပူရ တောင်လေးလုံးကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပ။

ချင်းတွင်းမှ ပင်လယ်သို့ စာအုပ် ထုတ်ဝေ။

၁၉၈၉ - (မေ၊ ၂၇) ပြည်သူချစ်သော အနုပညာသည်များ စာအုပ် ငွေရတုပွဲ အမရပူရ တောင်လေးလုံးကျောင်းများ ကျင်းပ။ မြန်မာ မဟာဂီတ စာအုပ်။ အာဖရိက ဝတ္တုတိုများ စာအုပ် ထုတ်ဝေ။

၁၉၉ဝ - လူထုဦးလှနဲ့ ပူးတွဲ ရေးသားတဲ့ ဆေးလိပ်နဲ့ လူသား စာအုပ်ထုတ်ဝေ။

၁၉၉၁ - ဓနမဂ္ဂဇင်းမှာ ရေးသားခဲ့တဲ့ ဆောင်းပါးတွေကို စုစည်းပြီး မန္တလေးသူ မန္တလေးသားများ အမည်နဲ့ စုအုပ်ထုတ်ဝေ။

၁၉၉၂ - ရနံ့သစ် မဂ္ဂဇင်းမှာ ဇမ္ဗူဒီပါ အောင်ထွန်း ကလောင်အမည်ခွဲနဲ့ နိုင်ငံတကာ ဆောင်းပါးများကို ရေးခဲ့။

ထိုင်းးဝတ္တုတိုများ (၁) တို့ကို ထုတ်ဝေ။

၁၉၉၃ - မဂ္ဂဇင်းတွေမှာ ရေးသားခဲ့တဲ့ မန္တလေးဆိုင်ရာ ဆောင်းပါးတွေကို စုပေါင်းပြီး ရတနာပုံ မန္တလေး၊ ကျွန်မတို့ မန္တလေး စာအုပ်။ ထိုင်းဝတ္တုတိုများ (၂) တို့ကို ထုတ်ဝေ။

၁၉၉၄ - သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ စာအုပ် ထုတ်ဝေ။

ရွှေဒေါင်းတောင် ဆောင်းပါး တွေကို ဂျပန်ဘာသာနဲ့ ပြန်ဆို ထုတ်ဝေ။ ပြန်ဆိုသူက ဂျပန်အမျိုးသမီး Yasuko Dobashi ( မြန်မာနာမည် ဒေါ်ယဉ်ယဉ်မြ) ဖြစ်ပြီး ထုတ်ဝေတဲ့ စာအုပ်တိုက်မှာShinjuku Shiobo Co. Ltd ၊ စာအုပ်တန်ဖိုး ယန်း ၂၇၁၈။ ၇၉နှစ် မွေးနေ့ အမှတ်တရ အဖြစ် ကျွန်မတို့ ငယ်ငယ်က ကိုယ်ရေးအတ္ထုပတ္တိ စာအုပ်ကို ရေးသား ထုတ်ဝေ။

၁၉၉၅ - မန္တလေးမြို့ ဗဟိုအမျိုးသားကျောင်း ကျောင်သားဟောင်းများ ဦးစီးထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက်။

(၂ဝဝ၄ ခုနှစ်တွင် ထုတ်ဝေသော လူထု ဒေါ်အမာရေး၊ စာအုပ်ဆိုင်က လူဝင်လူထွက်စာအုပ်မှ ကူးယူ ဖော်ပြပါသည်)

အပြည့်အစုံသို့ ..

ဆန္ဒခံယူပွဲ လျို့ဝှက်မဲပေးမှု ဖြစ်စေရန် ကော်မရှင် ညွှန်ကြားထား

ဆန္ဒခံယူပွဲ လျို့ဝှက်မဲပေးမှု ဖြစ်စေရန် ကော်မရှင် ညွှန်ကြားထား

ချင်းမိုင်။ ။ မေလတွင် ပြုလုပ်မည့် ဆန္ဒခံယူပွဲသည် သေချာသော လျှို့ဝှက်ဆန္ဒ မဲပေးစနစ် ဖြစ်စေရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကော်မရှင်က အောက်ခြေအဆင့် ကော်မရှင်အဖွဲ့ခွဲများသို့ ညွန်ကြားထားသည်။
ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကျင်းပရေးကော်မရှင်မှ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲများသို့ လမ်းညွန်ချက်တွင် ဆန္ဒခံယူပွဲကို လျှို့ဝှက်မဲပေးစနစ် အသေအချာ ဖြစ်စေရန် အသေးစိတ် ညွန်ကြားခြင်း ဖြစ်သည်။
စာမျက်နှာ (၂၇) မျက်နှာ ပါသော ညွန်ကြားချက်တွင် မဲရုံ၏ အဆင်အပြင်၊ သက်ဆိုင်ရာမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ၏ တာဝန်များ၊ မဲမပေးခင်မှ မဲရေတွက် ခွဲခြားပြီးသည့်အထိ အသေးစိတ် ဆောင်ရွက်ဖွယ်များကို အတိအကျ လမ်းညွန်ထားသည်။
ထိုင်းနိုင်ငံဘန်ကောက်တွင် အခြေစိုက်ပြီး စစ်အစိုးရ၏ ဆန္ဒခံယူပွဲ တရားမျှတမှုရှိ မရှိ စောင့်ကြည့်နေသူ ကိုကျော်လင်းဦးက "တော်တော်ပြည့်စုံတာပဲ၊ ကျနော် ဖတ်ကြည့်သလောက်တော့။ ဒီအတိုင်း တကယ် လိုက်နာမည် ဆိုရင်တော့ မယုံကြည်စရာ မရှိပါဘူး။ လိုက်နာဖို့ပဲလိုတယ်" ဟုပြောသည်။
ကိုကျော်လင်းဦးသည် လာမည့် ဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲ ထည့်ကြရန် ဆော်သြနေသော BURMA DEMOCRATIC CONCERN အဖွဲ့၏ ထိုင်းနိုင်ငံဆိုင်ရာ ဒါရိုက်တာ ဖြစ်သည်။ ထိုင်း၊ ယူကေနှင့် အမေရိကန် ပြည်ထောင်စုတွင် ရုံးဖွင့်ထားသော အဖွဲ့သည် စစ်အစိုးရ၏ မေလ ဆန္ဒခံယူပွဲတွင်မဲလိမ်မှု ရှိ မရှိ၊ စစ်အစိုးရ၏ ဖွဲ့စည်းပုံကိုအသိအမှတ်မပြုရန် ဆော်သြနေသော ပြည်ပအဖွဲ့တဖွဲ့လည်း ဖြစ်သည်။
ကော်မရှင်မှ အောက်ခြေအဆင့်သို့ ညွန်ကြားချက်များတွင် ဆန္ဒမဲပေးသူဦးရေ (၃ဝဝဝ) နှင့် အောက်ရှိလျှင် မဲရုံတရုံ၊ သတ်မှတ်ထားပြီး မဲရုံတိုင်းတွင် မဲရုံမှူးအပါအဝင် မဲရုံအဖွဲ့ဝင် (၅) ဦးမှ (၁ဝ) ဦးအထိ ကြီးကြပ်မည် ဖြစ်သည်။
ဆန္ဒမဲပေးသူ လူတထောင်ထက်နည်းလျှင် မဲပုံးတပုံး၊ တထောင်ကျော်လျှင် (၂)ပုံးနှင့် သုံးထောင်အောက်ရှိလျှင် (၃)ပုံး စသည်ဖြင့် အဆင့်ဆင့် သတ်မှတ်ထားသည်။
အလားတူ မဲရုံတိုင်းတွင် လုံခြုံရေးအဖြစ် ရဲတပ်ဖွဲ့ဝင်သို့မဟုတ် သက်ဆိုင်ရာ ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲက တာဝန်ပေးအပ်သော မဲရုံအကူ (၂) ဦးမှ (၃) ဦး အထိ ထားရှိမည် ဖြစ်သည်။
လုံခြုံရေးအဖွဲ့များသည် မဲရုံလုံခြုံရေး၊ မဲပေးသူများ၏ စည်းကမ်းတကျ မဲပေးနိုင်အတွက် တာဝန်ရှိသည်ဟု ဆိုသည်။ မဲရုံအတွင်း မဖွယ်မရာလုပ်သူကို မဲရုံမှူး၏ ညွန်ကြားချက်အရ မဲရုံပြင်ပသို့ ဖယ်ရှားခွင့်လည်း ရှိသည်။
မဲဆန္ဒပေးသူများသည် မဲရုံအတွင်း လျှို့ဝှက်ဆန္ဒပြုရန် သတ်မှတ်ထားသော နေရာတွင် ဆန္ဒပြုပြီးနောက် မဲပုံးအတွင်း ကိုယ်တိုင်ကိုယ်ကျ မဲပေးရမည် ဖြစ်သည်။ လျှို့ဝှက်ဆန္ဒပြုရန် အခန်းတွင်း စားပွဲပေါ်တွင် အသင့်ရှိနေသော ဘောလ်ပင်ဖြင့် မဲစာရွက်ပေါ်တွင် အမှတ်အသားပြုရမည် ဖြစ်သည်။
ဆန္ဒမဲပေးသူများအနေဖြင့် ကန့်ကွက်လျှင် ကြက်ခြေခတ်ရမည် ဖြစ်ပြီး ထောက်ခံလျှင် အမှတ်ပေးရမည်။
အလုံကာထားသော လျှို့ဝှက်ဆန္ဒပြုခန်းသို့ အဝင်တွင် မဲဆန္ဒရှင်၏ ကိုယ်ရေးအချက်အလက်များကို မဲစာရင်း စစ်ဆေးသည့် မဲရုံအဖွဲ့ဝင်က စစ်ဆေးပြီးနောက် ခွင့်ပြုမှသာ လက်မှတ်ထုတ်ပေးသူက လက်မှတ်ထုတ်ပေးမည် ဖြစ်သည်။
မဲစာရင်း စစ်ဆေးသည့် မဲရုံအဖွဲ့ဝင်က မဲပေးခွင့်ပြုပါက မဲစာရင်းပါ သက်ဆိုင်သူ၏ အမည်တည့်တည့် မှတ်ချက်ဇယားတွင် လက်မှတ်ထိုးခြင်း သို့မဟုတ် လက်ဝဲလက်မ လက်ဗွေပုံစံကို နှိပ်ခြင်းကို လုပ်ဆောင်ရမည်။
မဲရုံမှူး၏ လက်မှတ်မပါသော ဆန္ဒမဲလက်မှတ်၊ ဆန္ဒပြုကြောင်း မထင်ရှားသော လက်မှတ်၊ ဆန္ဒပြုမထားသည့် လက်မှတ်၊ ဆုတ်ဖြဲ ထားသော လက်မှတ်၊ အတုပြုလုပ်ထားသည်ဟု မဲရုံမှူးက သတ်မှတ်သောလက်မှတ် တို့ကို ပယ်မဲအဖြစ် သတ်မှတ်သည်။
ရက်ကွက်၊ ကျေးရွာမဲရုံမှူးသည် ကျေးရွာ ကော်မရှင်အဖွဲ့ခွဲထံမှ ဆန္ဒမဲပေးသူ အရေအတွက်နှင့် ညီမျှသော မဲစာရွက်များအပြင် ယင်းအရေအတွက်၏ (၁ဝ) ရာခိုင်နှုန်းနှင့် ညီမျှသော မဲစာရွက်အပိုများကို ဆန္ဒမဲပေးသူများ၏ ဆန္ဒအတိုင်း လဲလှယ်ပေးနိုင်ရန် အပိုဆောင် ထားရမည်ဟု ဆိုသည်။
မဲပေးချိန်မှာ နံနက် (၆) နာရီမှ ညနေ (၄) နာရီအထိဖြစ်ပြီး သတ်မှတ်ချိန်မတိုင်ခင် မဲပရဝုဒ်အတွင်း ရောက်ရှိနေသူများလည်း မဲပေးခွင့်ရမည် ဖြစ်သည်။
မဲရုံမှူးသည် မဲရုံပိတ်ချိန်တွင် ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ပယ်မဲ၊ အပိုမဲစာရွက်များကို မဲရုံအဖွဲ့ဝင်များနှင့် အများရှေ့မှောက်တွင် ရေတွက်ပြီးနောက် ထုပ်ပိုးကာ ကျေးရွာကော်မရှင် ထိုမှတဆင့် မြို့နယ်သို့ အဆင့်ဆင့်လွှဲအပ်သွားမည်ဟု ဆိုသည်။
ယင်းအပြင် မဲပေးသည့်နေတွင် မဲရုံနှင့် ကိုက်ငါးရာအကွာအတွင်း ဆန္ဒမဲပေးမှုကို အနှောင့်အယှက်ဖြစ်စေမည့် ကျယ်လောင်သော အသံများ ပြုလုပ် ဖန်တီးခြင်းကို တားမြစ်ထားသည်။
စစ်အစိုးရသည် လာမည့်ဆန္ဒခံယူပွဲကို မေလအတွင်း ကျင်းပမည်ဟု လွန်ခဲ့သော လပိုင်းကတည်း ကြေညာထားသော်လည်း ကျင်းပမည့် ရက်အတိအကျကိုမူ ထုတ်ပြန်ခြင်း မရှိသေးပါ။

အပြည့်အစုံသို့ ..

ရန်ကုန်ဘဏ် ဓါးပြတိုက် ဝန်ထမ်းတဦးသေဆုံး

ရန်ကုန်ဘဏ် ဓါးပြတိုက် ဝန်ထမ်းတဦးသေဆုံး
နယူးဒေလီ။ ။ ရန်ကုန်မြို့ ဆင်ခြေဖုံးရှိ ဘဏ်တခုကို ဓါးပြဝင်တိုက်ရာ ဘဏ်ဝန်ထမ်းတဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများ အပြောအရ သိရသည်။

သင်္ကန်းကျွန်းမြို့နယ် သုမင်္ဂလာလမ်းပေါ်ရှိ အစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အင်္ဂါနေ့ည ၉ နာရီအချိန်က ဓါးပြဝင်တိုက်ခြင်း ဖြစ်သည်။

မျက်မြင်သက်သေတဦးက မဇ္ဈိမသို့ ပြောကြားရာတွင် ဓါးပြသည် ဘဏ်ဝန်ထမ်းတဦးကို ဓါးဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။

မဇ္ဈိမ အထောက်တော်တဦးက အခင်းဖြစ်ပွားရာသို့ သွားရောက်ကြည့်ရှု့ရာတွင် အရပ်ဝတ် ဝေါ်ကီတော်ကီ စကားပြောစက်ကိုင် လုံခြုံရေး တဒါဇင်ခန့်ကို ဘဏ်အနီးပတ်ဝန်းကျင်တွင် တွေ့ရသည်။

"ဘဏ်နားမှာ လုံခြုံရေးတွေ တအားပဲ၊ ပြီးတော့ ငွေထုတ်ငွေသွင်းလဲ ရပ်ထားတယ်" ဟု သူက ပြောသည်။

ဓါးဒဏ်ရာဖြင့် သေဆုံးသွားသော ဘဏ်ဝန်ထမ်း မည်သူမည်ဝါ ဖြစ်သည်ကို စုံစမ်းဆဲ ဖြစ်သည်။ ဘဏ်၏ ပတ်ဝန်းကျင်တွင် လူနေကျဲပြီး ဝန်ထမ်းအိမ်ရာ အချို့သာ ရှိသည်။

မဇ္ဈိမသို့ သတင်းပေးပို့သူတဦးက ပြောကြားရာတွင် ဓါးပြများက ဘဏ်မှ ကျပ်သန်းပေါင်း ၉ဝဝ ခန့် ယူဆောင် သွားသည်ဟု ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိပါ။

သင်္ကန်းကျွန်းရဲစခန်းကိုလည်း ဆက်သွယ်မေးမြန်း၍ မရနိုင်ဘဲ ရှိရာ ဓါးပြမှုနှင့် ပတ်သက်သော အချက်အလက် များကို တိုက်ဆိုင်နိုင်ခြင်း မရှိပေ။

မဇ္ဈိမကတော့ ထပ်မံ စုံစမ်းလျှက် ရှိသည်။

http://ayesay.com/index.php?q=aHR0cDovL3d3dy5taXp6aW1hYnVybWVzZS5jb20vY29udGVudC92aWV3LzkwMS8xMDEv

အပြည့်အစုံသို့ ..

ဆန္ဒခံယူပွဲကို မေ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရကြေညာ

ဆန္ဒခံယူပွဲကို မေ ၁ဝ ရက်နေ့တွင် ကျင်းပမည်ဟု စစ်အစိုးရကြေညာ
နယူးဒေလီ။ ။ အခြေခံဥပဒေ မူကြမ်းအပေါ် ဆန္ဒခံယူခြင်းကို မေ ၁ဝ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း စစ်အစိုးရက ကြေညာလိုက်သည်။

ဗုဒ္ဓဟူးနေ့ ည ၈ နာရီသတင်းတွင် ထည့်သွင်းကြေညာသွားခြင်း ဖြစ်သည်။

ဆန္ဒခံယူပွဲ ဥပဒေအရ အနည်းဆုံး ၂၁ ရက် ကြိုတင် ကြေညာမည်ဆိုသော အချက်အရ ကြေညာသွားခြင်း ဖြစ်သည်။

စစ်အစိုးရက ဖေဖော်ဝါရီလအတွင်း ကြေညာချက်တွင် မေလတွင် ဆန္ဒခံယူပွဲလုပ်ပြီး ၂ဝ၁ဝ ခုနှစ်တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟု ပါရှိသည်။

အခြေခံဥပဒေကို အတည်ဖြစ်လျှင် အရပ်သား အစိုးရတရပ် ပေါ်ပေါက်လာမည် နိုင်ငံရေး အပြောင်းအလဲ ဖြစ်မည်ဟု စစ်အစိုးရက ပြောနေသည်။ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး ဖြစ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်သူလူထုတရပ်လုံး ကန့်ကွက်မဲ ထည့်ရန် ဆော်သြထားသည်။

အတိုက်အခံ အဖွဲ့အစည်းများနှင့် အနောက်တိုင်း အစိုးရများနှင့် ဝေဖန်သူများက စစ်အစိုးရ ရေးဆွဲခဲ့သော အခြေခံဥပဒေ မူကြမ်းသည် ၁၉၆၂ ခုနှစ်ကတည်းက အုပ်ချုပ်နေခဲ့သော စစ်အုပ်ချုပ်ရေးကိုသာလျှင် ခိုင်မြဲစေမှာ ဖြစ်သည်ဟု ပြောဆိုသည်။

http://ayesay.com/index.php?q=aHR0cDovL3d3dy5taXp6aW1hYnVybWVzZS5jb20vY29udGVudC92aWV3LzkwMi8xMDEv

အပြည့်အစုံသို့ ..

Monday, March 31, 2008

Don't Visit to Myanmar ( မြန်မာနိုင်ငံသို့မလာပါနဲ့ )

Don't Visit to Myanmar ( မြန်မာနိုင်ငံသို့မလာပါနဲ့ ) ဒီ - ငြိမ်းချမ်း ( The Myanmar Nation Post ) ရန်ကုန်မြို့။ 30 March , 2008 ကမ္ဘာလှည့်ခရီးသွားများမြန်မာနိုင်ငံကို မလည်ပတ်ကြဖို့ မြန်မာစစ်Aစိုးရကိုသပိတ်မှောက်ကြဖို့ ကို 27. Feb.2008 (ဗုဒ္ဓဟူးနေ့) ညက bbc (မြန်မာပိုင်းဌာန) က ထုတ်လွင့်သွားပါသည်။ Aဲဒီကိစ္စကို ကျွန်တော်ရဲ့ Blog မှာတင်ပြဆွေးနွေးချင်ပါသည်။ The Myanmar Nation Post “ မြန်မာနေးရှင်းပိုစ့် ” သို့လာရောက်လည်ပတ်ကြသော မိတ်ဆွေ၊ သူငယ်ချင်းလည်း Aကြံပြုချက်များ ထင်မြင်ယူ ဆချက်များကို C.box တွင်၎င်း themyanmarnationpost@gmail.com သို့လည်း၎င်း ဆက်သွယ်ပြီး ရင့်ဖွင့်ပေးပို့နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ 1996 Visit Myanmar Year ( မြန်မာ့ခရီးသွားနှစ် )မှ စတင်ကာ ခရီးသွားလုပ်ငန်းသည် စတင်ဖွံ့ဖြိုး လာပါသည် လုပ်ငန်းလာသည်နှင့်Aမျှ ကျွဲကူးရေပါ ဆိုသလို မြန်မာနိုင်ငံ၏ Aထင်ကရနေရာများ(သို့)ကမ္ဘာလှည့်ခရီးသွားများ ဆွဲဆောင်မှုရှိသည့်နေရာများဖြစ်တဲ့ ငပလီ၊ ပုဂံ၊ Aင်းလေး၊ တောင်ကြီး၊ မန္တလေး စတဲ့မြို့များနှင့် ရန်ကုန်မြို့တော် တို့တွင် Hotel Motel , Inn Aစရှိသည်တို့ Aပြိုင်Aဆိုင်ဆိုသလို ဖွင့်လှစ်ခဲ့ကြသည်။ ထိုAပြင် Travel Agency လုပ်ကိုင်သူများ၊ ၄င်းလုပ်ငန်းများ ကို မှီခိုAသက်မွေးဝမ်းကြောင်းများနှင့် Aမှတ်တရပစ္စည်းထုတ်လုပ် ရောင်းချသူများဟာ ခရီးသွားလုပ်ငန်း၏နောက်ဆက်တွဲများဖြစ် လာခဲ့ပါသည်။ မြန်မာစစ်Aစိုရသည်လည်း၎င်းလုပ်ငန်းAပေါ်ရင်းနှီးမြှပ်နှံလိုသည့် နိုင်ငံခြားကုပ္မဏီများကို Aခွင့်AရေးများAပြည့် Aပေးပြီး တရားဝင်ရော တရားမ၀င်တာရော လက်ဆောင်ပနာများရယူပြီး မျက်စီမှိတ်ကာလုပ်ကိုင်စေခဲ့သည် ပြည်တွင်းမှာ လုပ်ငန်းရှင်များ(သို့) စစ်Aစိုးရ၏လက်ဆွဲစီးပွားရေးသမားများသည်လည်း ကိုယ်ကြိုးစီးပွားသက်သက်ဖြင့်ပါဝင်ဆင်နွဲနေရာယူ ခဲ့ကြသည် ခရီးသွားလုပ်ငန်းသည်မြန်မာနိုင်ငံတွင်ထင်ထားသည်ထက် ပိုမိုေAာင်မြင်လာခဲ့သည်မှ 2000 ပြည့်နှစ်Aလွန် 21 ရာစုUီး မြန်မာနိုင်ငံတွင်ရေပန်းAစားဆုံးလုပ်ငန်းတစ်ခုဖြစ်လာခဲ့သည်။ 2007 ခုနှစ် စက်တင်ဘာ (ရွှေဝါရောင်) တော်လှန်ရေးAပြီးတွင် ခရီးသွားလုပ်ငန်းဟာ (၃)လ (၄)လ လောက်ရပ်ဆိုင်းသွားခဲ့ပြီး စစ်AစိုးရAပါဝင် နိုင်ငံခြားကုပ္မဏီကြီးများ ပြည်တွင်း hotel လုပ်ငန်းရှင်များပါတုန်လှုပ်သွားခဲ့သည်။ Aကြောင်းမှာ တစ်နေ့ကိုရွှေUတစ်လုံးကျUပေးနေသောငန်းကြီးကိုရိုက်သက်မိလိုက်ခြင်း ကြောင့်ပဲဖြစ်သည် Visit ဗီဇာနှင့်ဝင်ရောက်လာသော ဂျပန်သတင်းထောက် AိုဂါးAီစံ တစ်ယောက် ရွှေဝါရောင်တော်လှန်ရေးတွင် သတင်ဓါတ်ပုံများရယူရင်း On the Sport သေဆုံးသွားခြင်းကို သတင်မီဒီယာများကAကျယ်တ၀င့်ရေးသားခဲ့သောကြောင့် ခရီးသွားများAနေနှင့်တွန့်ဆုတ်သွားခြင်းဖြစ်နိုင်ပါသည် Hotel များ၏ Arrival List မှ 80% လောက် Cancel ဖြစ်သွားပြီး မြန်မာ နိုင်ငံသို့ နိုင်ငံခြားသားခရီးသွားEည့်သည်များလာရောက်မှုသိသိသာသာကြီးကျဆင်သွားပါသည် ၄င်း Effect ကြောင့် စစ်Aစိုးရဟာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေမှုကို လက်နက်နှင့် Aကြမ်းဖက် Aလျှင်Aမြန်ဖြိုခွဲလိုက်ပြီး AခြေAနေတည်ငြိမ်ေAာင်ကြိုးစားလိုက်ပြီး နိုင်ငံခြားခရီးသွားEည့်သည်များပြန်လည်ရောက်စေရန် Aစိုးရပိုင်မီဒီယာများမှတဆင့် Aမျိုးမျိုးသောနည်းလမ်းများဖြင့်ဆွဲဆောင်ခဲ့ ပါသည်။ ၄င်းAချင်းAရာများကိုကြည့်ခြင်းAားဖြင့် စစ်Aစိုးရသည် ခရီးသွားလုပ်ငန်းမှ နိုင်ငံဝင်ငွေရရှိမှုသည်တိုင်းပြည်ဝင်ငွေ၏ ရာခိုင်နှုန်းကိုတွက်ဆနိုင်ပါသည်။ ၂၀၀၀ ပြည့်နှစ်နှောင်းပိုင်တွင် ခရီးသွားလုပ်ငန်းလျှင်မြန်စွာတိုးတက်လာသည်နှင့်Aမျှ Guide ( Eည့်လမ်းညွန် ) Hotel Life ( ၀န်ထမ်း ) များကိုဝင်ရောက်လုပ်ကိုင်သူ စိတ်ပါဝင်စားသူများ ပိုမိုများပြားလာပြီး မြန်မာနိုင်ငံ၏Aလုပ်Aကိုင်Aခွင့်Aရေးရှား ပါးမှုပြသ၁နာကိုAာသာဖြေရင်း ခရီးသွားဝန်ဆောင်မှုလောကဟာ ရေပန်းစားလာခဲ့သည်။ ထိုလုပ်ငန်းကိုလုပ်ကိုင်းရင်းတခြားတိုင်း ပြည်များ ( Dubi ကဲ့သို့သော ) သွားရောက်လုပ်ကိုင်နိုင်သည့် Aခွင့်Aရေးများရရှိခြင်း ပြည်တွင်းမှ Aခြားသောလုပ်ငန်း(ကုမ္ပဏီ) များထက် ၀င်ငွေAနည်းငယ်ပိုရရှိခြင်း တို့ကြောင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများပိုမိုများပြားလာခဲ့သည်။ ၄င်းလုပ်ငန်းများတိုး တက်လာသည်နှင့်Aမျှ Man-Power ၀န်ထမ်းလိုAပ်မှုပြသ၁နာသည်လည်Aရေးပါလာသည် ထို့ကြောင့် Hotel Training School စတဲ့ သင်တန်းကျောင်းများလည်းAများAပြားပေါ်ပေါက်လာခဲ့သည်။ “ ကျွန်တော်ကတော့ Hotel Nikko တွင် ၂ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့တဲ့ ၀န်ထမ်းတစ်ယောက်ဖြစ်ပါတယ် Hotel ကို Aလုပ်ဝင်တော့မယ်ဆိုရင် Aနည်းဆုံး(၁၀)တန်းေAာင်မှ နေ့စားလို့ခေါ်တဲ့ Casual နဲ့ တစ်ရက်ကို ၈၅၀ိ/ကျပ် နဲ့ေAာက်ခြေ Aလုပ်သမားAဆင့်က စ၀င်ရပါတယ် တချို့ဆိုရင်လဲ ဘွဲ့ရတွေလည်ပါတယ်။ Front Office , F&B Dept: စတဲ့ဌာနတွေမှာဆို Training Aလုပ်သင်Aဖြစ်နဲ့ တစ်လ ၈၅၀၀ိ/ ကျပ် လောက်ပဲရပါတယ်။ တချို့ Hotel မှာ ( Traders Hotel ) ကုန်သည်ကြီးများ ဟိုတယ်မှဆိုရင် ပတ်တိုင်းစဆင်းရတယ်ဆိုတာရှိတယ် ၂၀၀၀ိ/ကျပ် ၃၀၀၀ိ/ကျပ် လောက်ပဲတစ်ပတ်မှာရကြတယ်လိုသိရပါတယ်” ၄င်းမှဆက်ပြီးတော့.....
“ ကျွန်တော် Aလုပ်စ၀င်ဝင်ချင်း ( ၆)လ Aထိ လစာ ၂သောင်းကျော်ကျော်ပဲရပါတယ် နောက်မှ တဖြေးဖြေးတိုးပေးသွား တာ လုပ်သက်တစ်နှစ်ကျော်ရင်တော့ တစ်ရက်ကို ၁၁၅၀ိ/ကျပ် နဲ့ Serve Money FEC ၁၅ မှ ၂၀ Aကြားရရှိပါတယ် Serve Money ကတော့ Eည့်သည်Aနည်းAများပေါ်မှာမှုတည်ပါတယ် Aမြဲတမ်းဝန်ထမ်း ( Permanent ) ကိုတော့ လုပ်သက်တစ်နှစ်ကျော် ဒါမှမဟုတ် ၂နှစ်ကျော်ရင်ပေးပါတယ် ကျွန်တော်ကတော့ ( Permanent ) မဖြစ်သေးပါဘူး လုပ်သက် ၂နှစ်ကျော် ၃နှစ်နီးပါးရှိပါပြီ ( Permanent ) Aမြဲတမ်းဝန်ထမ်းတွေကတော့ Aခြေခံလစာ (Basic) 20 FEC ရှိသလို 30 FEC Aမျိုးမျိုးရှိတယ် F&B Steward ဆိုရင် 15 FEC ပဲရတယ်၊ ပြီတော့ Serve Money ပေါ့ 30 FEC မှ Eည့်သည်Aနည်းAများလိုက်ပြီးတက်ပေးတယ် Aမြင့်ဆုံး 65 FEC Aထိရှိခဲ့ဖူးပါတယ်” ထိုဝန်ထမ်းမှဆက်လက်ပြီး Aခွန်ကိစ္စကိုလည်းယခုလိုပြောသွားပါသည်...... “ ကျွန်တော်တို့လစာရဲ့ ၁၀% ကို Aစိုးရကို Aမြတ်ခွန်/ ၀င်ငွေခွန် Aဖြစ်ပေးဆောင်ရတယ်ဗျ ပြီးတော့ Hotel တစ်ခု လုံးရဲ့Aသုံးပြုနေတဲ့ ရေ (ဂျိုးဖြူရေ)၊ မီး (လျှပ်စစ်မီး)၊ Aမှိုက်၊ လောင်စာဆီ(ဒီဇယ်၊ဓါတ်ဆီ) Aစရှိတာတွေကို Aစိုးရကို US$ ဒေါ်လာ (သို့) FEC နဲ့ ပေးဆောင်ရတာ ၀ယ်ယူရတာတွေရှိတယ် ဟိုတယ်သုံးကားတွေဆိုရင်Aစိုးရဓါတ်ဆီဆိုင်မှာ ဒေါ်လာ (သို့) FEC နဲ့ ဓါတ်ဆီ ဒီဇယ်ဆီကိုဝယ်ရတယ် Aခြားကျွန်တော်မသိတဲ့Aကြောင်းတွေလဲရှိသေးတာပေါ့ဗျာ” ဟု Hotel ၀န်ထမ်းတစ်Uီးက ယခုလိုပြောကြားခဲ့သည်..... မြန်မာနိုင်ငံမှာရှိတဲ့ Hotel ကြီးတွေAများစုဟာ နိုင်ငံခြားသားပိုင်တွေဖြစ်ပြီး Nikko ဟာဆိုရင် ယိုးဒယားနိုင်ငံသားတစ်Uီး ပိုင်ဆိုင်တယ်လိုသိရှိရပြီး ကျန်တဲ့Aခြားနာမည်ကြီး Hotel တွေဟာလည်း စစ်Aစိုးရ၏Aဆက်Aနွယ်တွေနဲ့ မကင်းရာမကင်း ကြောင်းတွေဖြစ်ပါသည်။ Uပမာ- ချောင်သာ၊ငွေဆောင်မှာရှိတဲ့ Hotel Max ရန်ကုန် ၈မိုင်မှာရှိတဲ့ Hotel Yangon ဟာဆိုရင် Uီတေဇ ပိုင်ဖြစ်ပြီး ငပလီ၊ ပုဂံ၊ နေပြည်တော် Aစရှိတဲ့ နိုင်ငံခြားသားဆွဲဆောင်မှုရှိတဲ့ နေရာ တော်တော်များများမှာဖွင့်လှစ်ထားတယ် လိုသိရပါသည်။ သာမန်နိုင်ငံသားပိုင်ဆိုလို INN , Guest House တို့ Hotel သေးသေးတွေလောက်ပဲရှိပါတယ် ဒါတွေဟာလည်း တည်းခိုခန်းသာသာ Aသေးစားတွေမို့ တကယ်နိုင်ငံခြားသားတွေဟာ တည်ခိုခြင်းမပြုကြပါဘူး Hotel ကြီးတွေမှာပဲတည်ခိုကြတာ များပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံကိုလာလည်ကြတဲ့ နိုင်ငံခြားသားခရီးသွားတွေပါလာတဲ့ US$ ဒေါ်လာတွေဟာ Aစိုးရနဲ့ သူနောက်စီးပွားရေးသမား စစ်ဗိုလ်ချုပ်တွေရဲ့ Aကြိုးစီးပွားကိုလုပ်ကိုပေးသူတွေလက်ကို ငွေကြေးလှည်ပတ်စီးချင်းပြီရောက်ရှိသွား ပါတယ် ၄င်းခရီးသွားလုပ်ငန်းကနေ ရတဲ့နိုင်ငံခြားဝင်ငွေတွေဟာ စစ်Aစိုးရ၏Aုပ်ချုပ်ရေးယန္တရား ကိုပိုမိုပြီးAကျိုးပြုစေပါသည်။ ထို့ကြောင့် နိုင်ငံခြားခရီးသွား ကမ္ဘာလှည့်ခရီးသည်များ မြန်မာနိုင်ငံသို့ မသွားကြဖို့ မြန်မာစစ်Aစိုးရကို သပိတ်မှောက်ကြဖို့လိုပါ လိမ့်မည် ဒီကိစ္စကိုေAာင်မြင်ေAာင်လုပ်နိုင်မည်ဆိုလျှင် စစ်Aစိုးရ၏ နိုင်ငံခြားဝင်ငွေရရှိမှုရဲ့ ၄၀% နှင့် ၄၅% ကိုထိခိုက်နိုင်ပါသည် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်နေတဲ့Aတွက် ဒီလုပ်ငန်းကိုမှီခိုနေတဲ့ Aခြေခံဝန်ထမ်းတွေနဲ့ Aလုပ်သမားတွေAပေါ် ထိခိုက်နစ်နာ မှုတွေလည်းရှိတာတော့ရှိတာပေါ့ ဒါဟာလည်း ဒုက္ခAဆင်းရဲAမျိုးမျိုးကိုခံစားနေကြရတဲ့ မြန်မာပြည်သူပြည်သား သန်း ၅၀ကျော် ၆၀ နဲ့စာရင်မပြောပလောက်တဲ့ AရေAတွက်ပါ စစ်AစိုးရကိုUီးတည်ပြီး ပိတ်စို့မှုတွေဘယ်လိုပဲ လုပ်လုပ်ပေါ့နောက်ဆုံးတော့ ပြည်သူကိုပဲထိတာတော့ Aမှန်ပါပဲ မြန်မာပြည်သူတွေAနေနဲ့တော့ စုတ်ရင်လဲစူး စားရင်လဲရူးမို့ မပြောလိုတော့ပါ စစ်Aစိုးရကို မကျေနပ်ဘူး သပိတ်မှောက်မယ် ဆန္ဒပြမယ်ဆိုရင်လဲ ပြည်သူတွေပဲ သေမယ် ငတ်မယ် ဒုက္ခရောက်မယ် သိပ်တော့Aထူးဆန်း တော့ပါဘူး မိုးပြိုရင်တော့Aကုန်လုံးခံစားရမှာပါပဲ ဒါတွေကိုစU်းစားနေရင် စစ်Aစိုးရဟာ မြန်မာပြည်သူတွေကို Aနှစ်၂၀ မကဘူး Aနှစ် ၂၀၀ လောက် ဒုက္ခပေးAုပ်ချုပ်နေAုံးမှာဖြစ်ပါသည်။ ဒီဆောင်ရွက်ချက်ကို Aကောင်Aထည်ဖော်နိုင်မည်ဆိုလျှင် မြန်မာစစ်AစိုးရAပေါ်မှာAများကြီးထိရောက်မှုရှိမှာAမှန်ပါပဲ ဒါကြောင့် နိုင်ငံခြားသားခရီးသွားများAနေဖြင့်လက်တလောAခြေAနေမှာ မြန်မာနိုင်ငံကိုမလာကြဖို့ သပိတ်မှောက်ကြဖို့ ပြည်ပ ရောက်မြန်မာတွေကိုဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့ ဒါဟာလည်းဒုက္ခဆင်းရဲတွင်းနက်နေတဲ့ မြန်မာနိုင်ငံသားပြည်သူတွေကိုကူညီရာ ရောက်ပါတယ် bbc မှ ယခုAဆိုကိုတင်းသွင်းခဲ့သည့်Aတွက်လည်း ကျေးဇူးတင်ပါတယ် ရှေ့ဆက်မည့် မြန်မာ့ဒီမိုကရေစီ တိုက်ပွဲတွင် မြန်မာပြည်သူပြည်သားAပေါင်းတို့ဘေးရန်ခပ်သိမ်းကင်းကြပါစေ နှလုံးစိတ်ဝမ်းေAးချမ်းကြပါစေ လို့ ဆုတောင်မေတ္တာ ပို့သလျက် ဆောင်းပါးကိုနိဂုံးချုပ်လိုက်ပါသည်။ မှတ်ချက် ။ ။ Aထက်ဖေါ်ပြပါ ဆောင်းပါး၏ ထင်မြင်ယူဆချက်များသည် ဆောင်းပါးရှင်၏Aာဘော်သာဖြစ်ပါသည် ဝေဖန်Aကြံပြုတင်ပြဆွေးနွေးလိုလျှင် C.Box တွင် ရေသားနိုင်ပါသည် Aဆက်Aသွယ်ပြုလုပ်လိုလျှင် themyanmarnatiopost@gmail.com သိုဆက်သွယ်နိုင်ပါသည်။

အပြည့်အစုံသို့ ..